
9to5mac.com အဆိုအရ Apple က iPhone နဲ့ iPod Touch အတွက် FM Radio app တစ်ခု ရေးသားနေဘီလို့ သတင်းရတယ် ဆိုပါတယ်။ သတင်းကောင်းပဲဗျာ။ iPhone ကိုင်လိုက်ထဲက လေဒီယို နားမထောင်ရတော့တာပဲ။
သူတို့ အဆိုအရ အဲဒိ app ဟာ အခု အသစ်ထွက်တဲ့ iPod Nano က FM လိုပဲ same functionality ရှိမယ်၊ iPod ဖွင့်ထားသလိုပဲ background မှာဖွင့်ထားလို့ရမယ် ဆိုပါတယ် (တခြား app တွေ သုံးနေတဲ့အခါမှာ)။ နောက်ပြီး FM app ကို iPod app နဲ့ပေါင်းပြီးမှ release လုပ်လိမ့်မယ် လို့လဲ သတင်းရပါတယ်တဲ့။ ဆိုလိုတာက ခု iPod app မှာ FM ဆိုတဲ့ tab တစ်ခု ထပ်တိုးလာမယ့် သဘောပေါ့။
ဘာပဲ ဖြစ်ဖြစ်ဗျာ ကျနော်တော့ ဒီ FM ကိုစောင့်နေတာကြာဘီ၊ သတင်းမှန်ပြီး မြန်မြန်ထွက်လာပါစေလို့ပဲ ဆုတောင်းရမှာပဲ။
source: CNET, 9to5Mac.com
No related posts.

Leave a Comment
Let me know your thoughts on this post